မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း အများသိရှိစေရန် ကြေညာချက် ( ၆/ ၂၀၂၅ )
၁။ ( ၂၅. ၄. ၂၀၂၅ )၊ ( ၂၇. ၅. ၂၀၂၅ ) နှင့် ( ၂၄. ၆. ၂၀၂၅ )ရက်နေ့တို့တွင် အသင်း၏ လက်ရှိ အလုပ်အမှုဆောင်အစည်းအဝေးများအား ကျင်းပပြုလုပ်ခဲ့ကြပြီး ( ၂၀၂၅ )ခုနှစ်၊ ဇူလိုင်လ၊ ( ၂၆ ) ရက်နေ့တွင် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အားလုံးပါဝင်နိုင်သော ပွင့်လင်းမြင်သာသည့် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးပွဲနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို စီစဉ်ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။
၂။ ( ၉ ) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်ရန်အတွက် အလုပ်အမှုဆောင် အဆိုပြုလွှာများကို လည်း ( ၁၀. ၇. ၂၀၂၅ ) ရက်နေ့နောက်ဆုံးထား၍ သဘောထားမှတ်ချက်များအား အသင်းသို့ ပြန်လည်ပေးပို့ပါရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် အသင်းနှင့် ကင်းကွာနေသည့် အသင်းဝင်အမှတ်ရှိသူ အသင်းသားအားလုံး မည်သူမဆို ကင်းကွာခဲ့သော ကာလနှစ်စဉ်ကြေးများကို ( ၁၀. ၇. ၂၀၂၅ ) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးသွင်းပြီး အသင်းထံဆက်သွယ်ဆောင်ရွက်ပေးကြပါရန် ဤကြေညာချက်ဖြင့် လေးစားစွာအသိပေးဖိတ်ခေါ်အကြောင်းကြားအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့

ဆက်သွယ်ရန် – ဒေါ်ထွေးထွေးအောင် ၊ ၀၉ – ၄၂၀ ၀၆၁ ၂၈၈
ဒေါ်အေးစန္ဒာထွန်း ၊ ၀၉ – ၇၉၀ ၉၄၀ ၃၀၉


